ကော့သောင်းမြိုသို့ နေရပ်ပြန်မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

ကော့သောင်း စင်တင်ဘာ ၂၄

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၁၂၃) ဦး၊ အမျိုးသမီး (၂၁) ဦး၊ စုစုပေါင်း (၁၄၄) ဦးအား စင်တင်ဘာ ၂၃ ၇နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား တာဝန်ရှိသူများက စနစ်တကျလွှဲ‌ပြောင်းလက်ခံဆောင်ရွက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌နိုင်လင်းထက်နှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှတာဝန်ရှိသူများ ကျန်းမာရေးစစ်ဆေး၊ ကုသ‌ပေးခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက (UID) Smart card ဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်၍ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)