တီးတိန်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တီးတိန် စက်တင်ဘာ ၂၃

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တီးတိန်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို အမှတ်(၁)အ‌ခြေခံပညာ အထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

 ဦးစွာတီးတိန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြား‌‌ရေးနင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်‌ရောက်ပြီး မြို့ပေါ်ကျောင်းများဖြစ်သော အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၅)အခြေခံပညာအလယ်တန်း ကျောင်းခွဲနှင့် အမှတ်(၃)အ‌‌ခြေခံပညာ မူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)