ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဟားခါး   ဒီဇင်ဘာ   ၂၄

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား (၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင် ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိသူ အမျိုးသား(၂)ဦးမှာ Case-111272 နှင့်ထိတွေ့ခဲ့ပြီး ရန်ကုန်မှ ဝင်ရောက်လာကာ ဟားခါးမြို့(GTI) Facility Quarantine ဝင်ရောက်နေသူဖြစ်ကြောင်း နှင့် အမျိုးသမီး(၁)ဦးမှာ ရန်ကုန်မှ ဝင်ရောက်လာကာ ဟားခါးမြို့(ဟားခါးတက္ကသိုလ်) Facility Quarantine ဝင်ရောက်နေသူဖြစ်ကြောင်း သိရှိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသွားများအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိ သူ(၃)ဦးထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ရောဂါပိုးတွေ့ရှိ၍ ဆေးကုသခံယူ ကျန်ရှိသူပေါင်း ပေါင်း(၉)ဦး အထိရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)