က‌လောမြို့နယ်၌ သမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှုအ‌ခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကလော စက်တင်ဘာ ၂၃  

ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌‌ က‌လောမြို့နယ်၊‌ ‌၀ါးရုံပင်ကျေးရွာအုပ်စု၊ ၀ါးရုံပင်‌‌ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့‌ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ရွှေရင်အေးစိုက်ပျိုး‌ရေးနှင့်အ‌ထွေထွေလုပ်ငန်းသမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိသည့် စိုက်ကွင်းအမှတ်(၂)အခြေအနေအား စက်တင်ဘာလ ၂၁ ရက်‌နေ့ မွန်းလွှဲ ၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက‌ အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီးသမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကျော်ဝင်း(ကလော)