ကော့သောင်း စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ ပုလုံးတုံတုံးကျောင်းတွင် စက်တင်ဘာ (၁၈) ရက်နေ့နံနက်ပိုင်း ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့်အလေ့အထများရှိ လာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားပြောခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်သူဇာလှိုင်က Moderator အဖြစ်ပြုလုပ်၍ Grade-11ကျောင်းသူ မထွေးငယ်လေးက ငလျင်အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်သက်မိုးဦးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဝေယံစိုင်း လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါဆွေးနွေးခဲ့သည့် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် လူငယ်စကားဝိုင်းအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများအပေါ် သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား၊ ကျေားင်းသူများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှတာဝန်ရှိသူများကပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)