ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်လှစ်

ကျောက်တန်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ ရတနာမြိုင်သာယာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့ဦးက သင်တန်းဆင်းအမှာစကားပြောကြား မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှရပ်ကွက် ကျေးရွာအုပ်စု ၆ ခုနှင့် ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဗိုလ်မှူး ချမ်းမြေ့ဦး၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ သင်တန်းကြီးကြပ်သူများ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)