ကမာရွတ်မြို့နယ် အမျိုးသမီးသက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ်မဲ​ပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၉

ရန်ကုန်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်၊ အမျိုးသမီး သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကမာရွတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ    ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်ဖြူက မြန်မာ့အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်းများနှင့် အသုံးပြုပုံ/ အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက သိလိုသည်များအား ပြန်လည် မေးမြန်း ဆွေးနွေးကြပြီး မြန်မာ့အီလက်ရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ် မဲပေး ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)