တောင်ဥက္ကလာပ ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်နှင် ပိုစတာများ၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ အနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး အသိပညာပေး အကြောင်းအရာများ၊ မဲဆန္ဒရှင်ဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက်များ၊ ကိုယ်ရေးအချက်အလက်များမှားယွင်းနေပါက ဆောင်ရွက်ရမည့်အချက်များ၊ မပါဝင်သင့်သူ ပါဝင်နေပါက ပယ်ဖျက်ရန် ဆောင်ရွက်ရမည့် အချက်များ အစရှိသည့်များကို ပြည့်စုံစွာထည့်သွင်း ဖော်ပြထားသည်။
အသိပညာပေး လက်ကမ်းစာစောင်နှင် ပိုစတာများဖြန့်ဝေခြင်းဖြင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်း ရရှိရန် ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး(၁)ဦး မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေး စေလိုကြောင်းနှင့် တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းထက်ထက်အောင်