ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့တွင် (KG)ကျောင်းသားကျောင်းသူများအား ဒုတိယ အကြိမ်အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲက အခြေခံပညာ အလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ဆောင်ရွက်သည်။
ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် (KG)ကျောင်းသား/သူများ ကျန်းမာသန်စွမ်းရေးနှင့် အာဟာရ ပြည့်ဝစွာရရှိရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော အာဟာရ(၃)အုပ်စုတွင်ပါဝင်သည့် ထမင်း၊ ကြက်ဥနှင့်အာလူးဟင်း၊ မုန်လာဥနီနှင့် ဂေါ်ဖီကြော်၊ ပဲနီလေး(ဟင်းချို)နှင့် ပဲနို့(Lactasoy)တို့ကို (KG) ကျောင်းသား/ ကျောင်းသူ(၅၂)ဦးအား ကျန်းမာရေးဝန် ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘ များက နေ့လယ်စာအဖြစ် ကျွေးမွေးသည်။
အဆိုပါ ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူ အာဟာရပြည့်ဝစေရေးကျန်းမာရေးနှင့် ညီညွှတ်သည့်အစားသောက် ပုံစံများမြှင့်တင် ရန် ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်အလိုက် ကျွေးမွေး လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)