ကရသူရိ စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်ထက်မြက်ရေး၊ ဝေါဟာရကြွယ်ဝရေး၊ သွက်လက်ထက်မြက်ရေးအတွက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်သား၊ ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ဆုများပေအပ်ခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)