တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာ၌ အမှိုက်စွန့်ပစ်စနစ်အား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

တီးတိန်  ဒီဇင်ဘာ ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမှိုက်စွန့်ပစ်စနစ်အား ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှန်းနဲမ်းနှင့် တာဝန်ရှိသူတို့က ယမန်နေ့က ကွင်းဆင်း စစ်ဆေးပြီး ကိုယ့်အားကိုယ်ကိုး အမှိုက်စွန့်ပစ်မှု ဆောင်ရွက်ရန်အတွက် အမှိုက်ပုံးထားရှိခြင်း၊ အမှိုက်ကျင်းတူးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေးပိုစတာ ကပ်ထား ခြင်းများ ဆောင်ရွက်သည်။

ထို့အတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းဇန်ကျေးရွာအပါအဝင် တုန်းဇန်ကျေးရွာ၊ ငါလ်းဘွာလ်းကျေးရွာ၊ တက်လွီးကျေးရွာ၊ ငင်းနုံးကျေးရွာနှင့် ထာလ်မွာလ်()ကျေးရွာများအား အမှိုက်ကင်းစင်ကျေးရွာအဖြစ် ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)