ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဘိုးဘွားရိပ်သာကို စေတနာရှင် ပြည်သူများ၏ အလှူငွေများ ဖြင့် တည်ဆောက်လျက်ရှိရာ အဆိုပါ ဘိုးဘွား ရိပ်သာအား စံချိန်စံညွှန်း အရည်အသွေး ပြည့်မီကာသတ်မှတ်ကာလအတွင်း ဆောက်လုပ်ရေးအပိုင်း ပြီးမြောက်အောင်မြင်စေရေးတို့အတွက် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းနှင့် ဘိုးဘွားရိပ်သာ ဆောက်လုပ်ရေးကော်မတီဝင်တို့ က ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ဘိုးဘွားရိပ်သာသည် အလျှား ၁၂၀ ပေ အနံ ၆၅ ပေ RCC နှစ်ထပ်အဆောက် အဦဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင် ပြည်သူများ၏ အလှူငွေများဖြင့်တည်ဆောက်လျက်ရှိကာ ကျပ်သိန်း သုံးထောင်ခန့် ကုန်ကျ မည်ဖြစ်သည်။ ဆောက်လုပ်ရေးကာလ ခြောက်လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ် ပြီးစီးပါက အဘိုး၊ အဘွား တစ်ရာဦးခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)