ပလောက်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပလောက် စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပလောက်နယ်မြေရဲစခန်းတို့ပူးပေါင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးက အဂတိတရားနှင့် ပတ်သက်၍အသိပညာ ပေးအကြောင်းအရာများကို  ဟောပြောပြီးပလောက်နယ်မြေရဲစခန်းမှ စခန်းမှူးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး  လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ နိုင်ငံတော်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီးယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်း၊ လမ်းစည်းကမ်းအား ယနေ့ကျောင်းသားလူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် ကျောင်းသားလူငယ်များအား လူညွန့်တုံးစေမည့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းချခြင်းများ၏ ပြစ်မှုပြစ်ဒဏ်များ အကြောင်းအသိပညာပေးခြင်း၊ ကျောင်းသား လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားပြီးလူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သင့်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အ.ထ.ကပလောက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာဦးသက် ကျော်ဆန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပလောက်နယ်မြေရဲစခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းမှဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၂၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)