ကော့သောင်းမြို့တွင် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ကော့သောင်း စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် (KG)ကျောင်သား၊ ကျောင်းသူများအား  အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင်  ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အ--က(ခွဲ)ဘုရင့်နောင်၊ အ-ထ-က(ခွဲ) အ--က၂၊ အ--က၃၊ အ--က(၁)၊ မူလွန်အောင်သုခ၊ မူလွန်ကြေးနန်းဝင်း၊ မူလွန် ၂ မိုင်၊ အ--က(ခွဲ)၃မိုင် ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရေးနှင့် အာဟာရပြည့်ဝစွာရရှိရေး၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်‌ရေး၊ ဦးနှောက်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော  အာဟာရအုပ်စု(၃)စုတွင် ပါဝင်သည့် ထမင်းနှင့် ဟင်းလျာများ၊သစ်သီး၊ မုန့်နှင့်နွားနို့တို့ကို KG ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ဆရာ ၊ဆရာမများနှင့် ကျောင်းသားမိဘများက နေ့လယ်စာ ကျွေးမွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ကျောင်းနေအရွယ်ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ကျန်းမာရေးနှင့် ပညာရေးဌာနအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်အလိုက် ကျွေးမွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)