သရက်ချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးလုပ်ငန်းမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ

သရက်ချောင်း စက်တင်ဘာ ၁‌၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများက သရက်ချောင်းမြို့၊ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ပန်းတောရပ်ကွက်နေ ဦးဇင်မောင်ထွေးခြံသို့ သွားရောက်၍ တစ်ပိုင်တစ်နိုင်နို့စားနွားမွေးမြူရာ၌ စနစ်တကျမွေးမြူနိုင်ရန်နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် စနစ်တကျထုတ်လုပ်‌ရောင်းချနိုင်ရန်အတွက် လိုအပ်သည်များကို စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ပန်းတောရပ်ကွက်နေ ဦးဇင်မောင်ထွေးခြံတွင် နို့စားနွား ၂၅ကောင်ခန့်ရှိပြီး တစ်ရက်လျှင် နို့ထွက်ပိဿာ ၆၀ ခန့်ရှိကြောင်းနှင့် မိသားစုစားဝတ်နေရေးအတွက်လည်း တစ်ပိုင်တစ်နိုင် နို့ထွက်ပစ္စည်းများ၊ နို့စိမ်းနှင့် နို့ပေါင်းတို့ကို စနစ်တကျ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)