ကရသူရိ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နံနက် ၁၁ နာရီက အခြေခံပညာအထက် တန်းကျောင်း၌ ငှားရမ်းပေးခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်များတွင် မိမိဝါသနာထုံရာများကို စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာ၊ အတတ်ပညာများရရှိရေး၊ ဦးနှောက်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ရေးနှင့်စာပေဝါသနာရှင်များဖြစ်ပေါ်စေရေး၊ စာဖတ်သည့် အကျိုးကျေးဇူးများအား သိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက်ငှားရမ်းပေး ခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု၊ ရုပ်ပြ၊ ကာတွန်းနှင့် အထွေထွေဗဟုသုတစာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)