ပြည်ကြီးမဏ္ဍိုင်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  စက်တင်ဘာ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကျင့်သုံးရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးမှုကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီက လေညာ အရှေ့ရပ်ကွက်  ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးဆောင်ရွက်သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ဦးဆောင်၍နယ်မြေရဲတပ်ဖွဲ့ဝင်များ၊မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ဆိုင်ကယ်ဦးထုပ်၊ ခါးပတ်ကြိုး၊ ယာဉ်ဘတ်မှန်နှင့်ယာဉ်ကြံ့ခိုင်မှု စသော သတ်မှတ်ထားသည့်အချက်များအား စစ်ဆေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် ယာဉ်တိုက်မှုလျော့နည်းစေရေး၊ အသက်အန္တရာယ် ထိခိုက်မှုနည်းပါးရေးနှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာကျင့်သုံးနိုင်ရေးအတွက် နေ့စဉ်သော်လည်းကောင်း၊ ရှောင်တခင်သော်လည်းကောင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)