တံတားဦးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် တံတားဦးမြို့နယ် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး) ၏ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

တံတားဦး စက်တင်ဘာ ၁၇

၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး) မှ ရဲတပ်ဖွဲ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့၏ စုပေါင်း သွေးလှူဒါန်းခြင်းကို စက်တင်ဘာ ၁၇ ရက်နေ့နံနက် (၈) နာရီခွဲက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး) ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး ထွန်းမြတ်ကျော်၊ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မြင့်မောင်နှင့်တာဝန်ရှိသူများက လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး) ရဲတပ်ဖွဲ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေကြသည့် အရာရှိတပ်ဖွဲ့ဝင် (၆) ဦးနှင့် အခြားအဆင့်တပ်ဖွဲ့ဝင် (၁၄) ဦး စုစုပေါင်း (၂၀) ဦးတို့၏ သွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့သို့သွေးလှူဒါန်းခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များ အတွက်အလှူတစ်ရပ်အနေဖြင့် စုပေါင်းသွေးလှူဒါန်းပေးကြောင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းသည် သွေးအတွက်လိုအပ်သည့် ပြည်သူများ၏အသက်ကို ကယ်တင်ပေးခြင်းဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ သွေးများမလှူဒါန်းမီအချိန်တွင် သွေးပေါင်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြားပေးခြင်းများဆောင်ရွက်ပေးကြောင်း၊ သွေးလှူဒါန်းပေးသော တပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စွက်စာများနှင့်  ကြက်ဥတို့ကို ထောက်ပံ့ ပေးနိုင်ပါကြောင်း လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)