ရမည်းသင်း စက်တင်ဘာ ၁၇
၂၀၂၅ ခုနှစ်၊ စက်တင်ဘလ (၁၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ် Community Campaign ကို ရမည်းသင်းခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံတွင် စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းက အဆိုပါဆေးရုံအုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆေးရုံအုပ်ဒေါက်တာအိအိခင်မှ ကျန်းမာရေးစောင့်ရှောက်မှု၏ အဓိကကျသည့် လူနာဘေးကင်းလုံခြုံရေး (patient safety) အကြောင်းကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကြည်ပြာဇော်ဝင်းက၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့၏ Theme ဖြစ်သည့် safe Care For Every Newborn and Every Child ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှ လက်ဆေးနည်း၊ စနစ်တကျ နို့တိုက်ကျွေးနည်းများကို ဟောပြောခဲ့ကာ လူနာနှင့်လူနာစောင့်များအား လက်တွေ့ သရုပ်ပြခြင်းနှင့်ဆေးရုံတက်ကလေးငယ်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် အလှူရှင်တစ်ဦးက မွေးကင်းစကလေးငယ်သုံး Incubator တစ်ခု၊ Blue Photo တစ်ခုကို ပေးအပ်လှူဒါန်းရာ ဆေးရုံအထောက်အကူပြုကော်မတီအဖွဲ့ဝင်များနှင့် အထူးကုဆရာဝန်ကြီးများက လက်ခံခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)