တောင်ဥက္ကလာပ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က After Lunch tooth.brushing activity ကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သွားကျန်းမာ) ဒေါက်တာကွန်စတန်ဦးဆောင်၍ အနောက်ပိုင်းဆေးရုံကြီးမှ သွားနှင့် ခံတွင်းဆရာဝန်(၃)ဦး သာကေတသွားနှင့် ခံတွင်းအထူးကုဆေးရုံကြီးမှ သွားနှင့် ခံတွင်းဆရာဝန်(၂)ဦးနှင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများပူးပေါင်း၍ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းတို့တွင် နည်းစနစ်မှန်သွားတိုက်ခြင်း အမူအကျင့်စွဲမြဲပြီး သွားနှင့် ခံတွင်းရောဂါများ ကာကွယ်နိုင်စေရေးရည်ရွယ်ချက်ဖြင့် After Lunch tooth.brushing activity ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မူလတန်းကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးပညာပေးခြင်း KG ကျောင်းသား၊ ကျောင်းသူများအား အုပ်စုဖွဲ့၍ စနစ်မှန်သွားတိုက်နည်း လက်တွေ့သရုပ်ပြသင်ကြားခြင်းအပြင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ပြန်/ဆက်)