ပိုင်ကျုံမြို့၌ အကြိမ်(၇၀)မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း

ပိုင်ကျုံ  စက်တင်ဘာ  ၁၇

၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အကြိမ် (၇၀) မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရားဒိုးအကပြိုင်ပွဲ၌ ပိုင်ကျုံမြို့ ကိုယ်စားပြုကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အခမ်းအနားတွင် မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရက အဖွင့်ဩဝါဒမြွက်ကြားပြီး BGF အမှတ်-၂ တပ်နယ်မှူး၊ ဗိုလ်မှူးကြီးစောကြာအင်းမှ အားလုံးပူးပေါင်းကူညီဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား ခြင်း၊ ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို  ဆွေးနွေးသည်။

အခမ်းအနားတွင်  မဲဆမိတ်ကျောင်းဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒရ၊ နောင်ဘို ကျောင်းကြီးဆရာတော် ဘဒ္ဒန္တသုဇန၊ ကော့စူးကျောင်းဆရာတော် ဘဒ္ဒန္တသုမန၊ ပိုင်ကျုံတိုက်ကျောင်း ဆရာတော် ဒေါက်တာပညာဒီပ၊ ပိုင်ကျုံမြို့မသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသိရီ၊ ကစိုကျောင်းကြီးဆရာတော် ဘဒ္ဒန္တဉာဏေဘာသ၊ BGFအမှတ်(၂) တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်း၊ နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ စစ်တရားရုံးချုပ် တရားသူကြီး ဗိုလ်မှူးကြီး စောဝင်းလှိုင်စိန်၊ အမှတ်-၃၃၃ ဗျူဟာ၊ ဒု-ဗျူဟာမှူး ဗိုလ်မှူးစောကော့သောင်းနှင့် တပ်ရင်းမှူးများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးထူးဝင့်ကျော်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)