ကျိုင်းတုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

ကျိုင်းတုံ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ် ဆန္ဒမဲပေးခြင်းကို ယမန်နေ့က  ယန်းကျိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ကျိုင်းတုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုမဲပေးခြင်းဖြင့် တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ မြန်ဆန်၍နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ယန်းကျိန်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြပြီး သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)