မှော်ဘီမြို့နယ်၌ Smart Card ပြုလုပ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၁၇                                           

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်နုနုစန်းနှင့် ဝန်ထမ်း(၅)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း(ငြိမ်း)အသက်ကြီးရွယ်အိုပင်စင်စားများနှင့် ပင်စင်လာရောက်ထုပ်ယူသူများကို UID နံပါတ်များ ဆက်လက်ထုပ်ပေးဆောင်ရွက်ခြင်းနှင့် အခြားလိုအပ်သည့် Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဦးဝင်းမြတ်ဆွေနှင့် ဒုလဝကမှူး ဒေါ်နုနုစန်းပါဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(ငြိမ်း)သက်ကြီးရွယ်အို ပင်စင်စားများနှင့် အခြားနိုင်ငံဝန်ထမ်းမဟုတ်သော ရပ်ကွက်/ကျေးရွာရှိ အများပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားအပြောက်အပျက်များ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်အသစ်လည်းလှယ်ပေးခြင်း ၊ Biometricကောက်ယူခြင်း၊ SmartCard များပြုလုပ်ပေးခြင်း၊ UID နံပါတ်လျှောက်ထားသူများ ဆက်လက်ထုတ်ပေးခြင်းလုပ်ငန်းများကို မှော်ဘီမြို့နယ် လဝကရုံးတွင်နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)