ကရသူရိ စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန၌ ပြုလုပ်သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်းအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်သည့်အကြောင်းအရာများ၊ အန္တရာယ်လျော့ပါးရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရှောင်ရန်၊ ဆောင်ရန်များနှင့် ပူးပေါင်းပါဝင်ကယ်ဆယ်ဆောင်ရွက်ချက်တို့ကိုလည်းကောင်း၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့ကို ဟောပြောသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဘုတ်၊ ဓာတ်ပုံမှတ်တမ်းများနှင့် နံရံကပ်စာစောင်တို့ကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)