ကျောက်တန်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က ပေါက်တောကျောင်းတွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ (၉း၃၀)နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာ၀ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကိုဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပြဘုတ်များ၊ လူငယ်ရေးရာဆိုင်ရာ နံရံကပ်ပြဘုတ်များပြသပြီး ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုမြတ်နိူးတတ်စေရန် စာအုပ်ပြပွဲများပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲများလည်း ပြုလုပ်ခဲ့ကြသည်။
နေလင်းကျော်