လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် Biometric နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ၊ Biometric နှင့် အိမ်ထောင်စုစာရင်းကောက်ယူခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ဇရပ်ကွင်းကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးဆောင်၍ ဝန်ထမ်းများက ကလီထော်အနောက်ကျေးရွာရှိ အသက်(၁၇-၁၈)နှစ်ကြားနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသူများအား အိမ်ထောင်စုစာရင်းများနှင့် Biometric ကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့