သံတောင်ကြီးမြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

သံတောင်ကြီး  စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၁၀နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ၏ အကျိုးစီးပွားဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ  စသည့်အကြောင်းအရာများအား ပြသပေးခဲ့ရာ ကျောင်းသူ/ ကျောင်းသားများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါ အားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ