သံတောင်ကြီး စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၉) နာရီ၌ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ်မှ တာဝန်ရှိဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသူ/ ကျောင်းသား (၅၉)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‘‘လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့’’ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်းများကို သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ရပ်ကွက်များသို့ အလှည့်ကျကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ