မန္တလေး ဩဂုတ် ၄
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုဘိုင်းယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရန်အောင်ဈေးတွင် ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုဘိုင်းယာဉ်ဖြင့် ရန်အောင်ဈေးသို့သွားရောက်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဈေးသူ၊ဈေးသားများနှင့် ဈေးသို့လာရောက်ဝယ်ယူသူပြည်သူများအား ဖြန့်ဝေးပေးခဲ့ကြသည်။
"ဒီနေ့က ရန်အောင်ဈေးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာပါ၊ အရင်ရက်တွေကလည်း တခြားဈေးတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ဖြန့်ဝေပေးခဲ့ပါတယ်၊ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အားလုံးကို မိုဘိုင်းယာဉ်ဖြင့်သွားရောက်ကာ ဖြန့်ဝေပေးနေပါတယ်၊ နောက်ရက်တွေမှာလည်း အခြားနေရာတွေကို ဆက်လက်ဖြန့်ဝေပေးသွားအုံးမှာပါ" ဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
သန်းဇော်မင်း (ပြန်/ဆက်)