ကရသူရိ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်သား၊ ကျောင်းသူများအား ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက ကျွေးမွေးခဲ့ကြသည်။
(KG)ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရေးနှင့်အဟာရပြည့်ဝစွာရရှိရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝသည့် ထမင်းနှင့်ဟင်းလျာများ၊ ပြောင်းဖူး၊ မုန့်နှင့် အချိုရေတို့ကို ကျွေးမွေးခဲ့ကြသည်။
ထိုသို့ ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်သား၊ ကျောင်းသူ (၅၂) ဦးအား ကျွေးမွေးခဲ့ကြပြီး အဆိုပါ ကျွေးမွေးရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးစီး၍ နယ်မြေစခန်းမှူးနှင့်အဖွဲ့ဝင်များ၊ တိုက်နယ်တာဝန်ခံဆရာဝန်ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)