လှည်းကူး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ပြီး လှည်းကူးမြို့မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးသည်။
ထိုသို့ပေးအပ်ရာတွင် လှည်းကူးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၇၉၅) ဦးအတွက်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် ငွေကျပ် (၄၆၅၆၀၀၀၀) ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက လူမှုရေးပင်စင်များကို ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
လှည်းကူးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၅) ဦး ရှိရာလူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ၁၅-၉-၂၀၂၅ မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးလျက်ရှိရာ ကျန်ရှိနေသောဘိုးဘွာများကိုလည်း ၁၈-၉-၂၀၂၅ ရက်နေ့အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူထံကသိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)