လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ပေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ အမှတ်(၁၂)အထကတွင် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဆောင်ရွက်သည်။
အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ တက်ရောက်ကြပြီး ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက (MEVM) စက်ဖြင့် တစ်ဦးချင်းစီ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် ပြန် / ဆက်