ရွှေပြည်သာမြို့နယ်၌ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာလေးမျိုးထောက်ပံ့ပေးအပ်

ရွှေပြည်သာ  စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှပြောင်းရွှေ့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည့် တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုးပေးအပ်ခြင်းအခမ်းအနားကို  ရွှေပြည်သာမြို့နယ် အမှတ်(၆)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးက   အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေပြည်သာမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ယာယီ နေရပ်စွန့်ခွာလာသူ ၉၃၃ဦး တို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို    ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့   ရွှေပြည်သာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့သည်။  

အေးမိုး(ပြန်/ဆက်)