မိုးညှင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းပရာတွင် မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ပိုင်ပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးအထက်တန်းအဆင့်တွင် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးအလယ်တန်းအဆင့်တွင် “အိုဇုန်းလွှာနှင့် ရာသီဥတုကောင်းမွန်ဖို့ ကမ္ဘာတစ်ဝန်းလက်တွဲညီညီ ဆောင်ရွက်စို့” ဟူသော ခေါင်းစဉ်ဖြင့်လည်ကောင်း လာရောက်ယှဉ်ပြိုင်ကြရာတွင် စာစီစာကုံးအထက်တန်းအဆင့်တွင် (၂၄)ဦး၊ အလယ်တန်းအဆင့်တွင် (၂၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ၎င်းဆုရရှိကြသူများကို စက်တင်ဘာ (၁၆)ရက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း