လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ အလယ်ကျေးရွာသာသနာ့တံခွန်ဓမ္မာရုံနှင့် အောင်ဇေယျာမင်းဘုန်းတော်ကြီး ကျောင်းတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက်(၀၉း၀၀)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက်အဆိုပါအစီအစဥ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးတို့က မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲပေးကာလတွင် အခက်အခဲမရှိမဲပေးနိုင်စေရန် ရည်ရွယ်၍ ယခုလိုကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် (MEVM) မဲပေးစက် လက်တွေ့ အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများအား လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ငန်းများကိုပြုလုပ်သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ နည်းပြဆရာ/ဆရာမများ ကျေးရွာကော်မရှင်အဖွဲ့ဝင်များ ကျေးရွာနေပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)