ပြည်ကြီးတံခွန်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ဒုတိယအကြိမ်အာဟာရကျွေးမွေး

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကျောင်းကျန်းမာရေးဦးစီးဌာန ရန်ပုံငွေဖြင့် အာဟာရကျွေး‌မွေးခဲ့သည်။

အဆိုပါအာဟာရကျွေးမွေးရာတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်းရှိရာ ယင်းကျောင်း (၂၅)ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူလေးများအား တစ်ပြိုင်နက် အာဟာရကျွေး‌‌မွေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြည့်ရှုအားပေးခဲ့ရာ ၎င်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများမှလည်း လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်