ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အကဲဖြတ်ပညာရှင်များ၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲဝင် မျိုးဆက်သစ်အနုပညာရှင် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ယဉ်ကျေးမှုစရိုက်လက္ခဏာများ ပိုမိုထွန်းကားလာစေခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုမြှင့်တင်နိုင်ခြင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ပိုမိုတည်ဆောက်နိုင်ခြင်းနှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ်များရှင်သန်လာစေခြင်း၊ လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တိုင်းခြားယဉ်ကျေးမှုအန္တရာယ်မှ ကာကွယ်နိုင်မည့်စွမ်းအားများရရှိလာစေခြင်း၊ ပြိုင်ပွဲကြီးကိုအလေးအနက်ထားပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၏ အနှစ်အရသာများကို ဝိုင်းဝန်းလက်တွဲဖော်ဆောင်ကြရန် စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်ပါမောက္ခချုပ်ဒေါက်တာကေသီထွေး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အကဲဖြတ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစောဝင်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအားဂုဏ်ပြုသည့်ရွှေရောင်လွှမ်းခြုံတိုင်းရန်ကုန်တေးသီချင်းဖြင့်လည်းကောင်း၊  “မြိုင်ဆိုင်မြူးကြွ သူငယ်တော်အကဖြင့်လည်းကောင်း၊ခေတ်သုံးခေတ် နှစ်ပါးသွားအကဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်းတို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဘာသာရပ်အလိုက် ဒိုင်အဖွဲ့ဝင်များဖြစ်ကြသည့် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းနှင့် (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင် စုစုပေါင်း (၂၂၂)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)