မြစ်သားမြို့နယ် ကူမဲမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆက်လက် သရုပ်ပြသ

မြစ်သား စက်တင်ဘ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

   မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံးမှဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုး၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် ဖွဲ့စည်းပုံကို ရှင်းလင်း‌ပြောကြားသည်။ ထို့နောက် တက်‌‌ရောက်လာသည့် ကူမဲတိုက်နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၆) အုပ်စုမှ ပြည်သူများအား မဲပေးခြင်းသရုပ် ပြသခဲ့သည်။

လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်း အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကူမဲမြို့မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့နှင့် ကူမဲတိုက်နယ်မှ အုပ်ချုပ်ရေးမှူးများ ရပ်ကွက်/ကျေးရွာအုပ်စု  (၆) အုပ်စုမှ ပြညာ်သူများ စုစုပေါင်းအင်အား (၈၅၀) ဦးခန့် တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)