ပိုင်ကျုံမြို့ရှိ  ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေး

ပိုင်ကျုံ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိကျေးရွာများသို့ ယာယီပြောင်းရွှေ့နေထိုင်သည့် ယာယီနေရပ်စွန့်ခွာသူများအား ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သောထောက်ပံ့ငွေများကို စက်တင်ဘာလ ၁ ရက်နေ့က ပိုင်ကျုံမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 ပိုင်ကျုံမြို့ အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ အိမ်ထောင်စု (၆၅)စု၊  စုစုပေါင်းလူဦးရေ (၂၈၂) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆၉၂၀၀၀၀) တိတိ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများအား ယာယီနေရပ်စွန့်ခွာသူများထံ လက်ဝယ်အရောက် ရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများတို့မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)