စည်သာကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ညောင်ဦး စက်တင်ဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း (၂ဝ၂၅-၂၀၂၆ ) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စည်သာကျေးရွာ အဝင်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ညောင်ဦးမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ စည်သာကျေးရွာအဝင်လမ်း ကတ္တရာလမ်းမှာ အရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မဖြစ်ပြီး တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၈၀ ဒသမ ၁၅၄ သန်းဖြင့် ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း