ရေဇွာ၌် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃၆၄.၂၆၀)သန်းဖြင့် တည်ဆောက်လျက်ရှိသော ပညာရေးဌာန၏ ဝန်ထမ်းအိမ် ရာတည်ဆောက်မှု (၁၀၀) ရာခိုင်နှုန်းပြီးစီး

ရေဇွာ              ဒီဇင်ဘာ             ၂၂

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၃၆၄.၂၆၀)သန်းဖြင့် (ဇိုလင်းဘုန်းကုမ္ပဏီ) က တာဝန် ယူဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ပညာရေး ဝန်ထမ်းအိမ်ရာ RCC နှစ်ထပ်ဆောင် တည်ဆောက်မှုမှာ(၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာ RCC နှစ်ထပ်ဆောင်မှာ အလျား-၁၃၀ ပေ၊ အနံ-၃၀ ပေ အတိုင်းအတာရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၆၄.၂၆၀)သန်းဖြင့် (ဇိုလင်းဘုန်းကုမ္ပဏီ)က (၁.၂.၂၀၂၀) ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၀၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးစန်းမြင့်ထံမှ သိရသည်။

ပညာရေးဝန်ထမ်းအိမ်ရာ အဆောက်အဦအား ဆောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ရေဇွာမြို့ရှိ ပညာရေးဝန်ထမ်း (၁၀)အိမ်ထောင်စု၏နေထိုင်ရေး ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးလျန်ထေထံမှ သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)