ခမောက်ကြီးမြို့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

 

ခမောက်ကြီး စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌  နိုင်ငံတကာစာမြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၉ ရက် နေ့လယ် (၁) နာရီက အ.လ.က ယုဇနကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းပြိုင်ပွဲ၌ စာစီစာကုံးပြိုင်ပွဲ အလယ်တန်းအဆင့်တွင် လူအဖွဲ့အစည်းတိုးတက်ဖို့ စာတက်မြောက်ရေးကြိုးပမ်းစို့နှင့် ကဗျာပြိုင်ပွဲအလယ်တန်းအဆင့်တွင့် စာမတက်သူဖေးမကူ ခေါင်းစဥ်ဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)