ပင်းတယမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထုတ်ပေး

ပင်းတယ စက်တင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်လစာငွေအား အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွားများကို တစ်လ (၁၀,၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ်ပေးအပ်ရာ ဧပြီလမှ စက်တင်ဘာလအထိ နှစ်ကြိမ်စာ အဘိုး ၁၀၄ ဦး၊ အဘွား ၁၅၆ ဦး၊ စုစုပေါင်း ၂၆၀ ဦးတို့အတွက် လူမှုရေးပင်စင်လစာငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)