မိုင်းဖြတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံစာတတ်မြောက်ရေးနေ့ဖြစ်ကြောင်းနှင့် နောက်ခံသမိုင်းအကျဉ်းများ၊ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုများ၊ လူတစ်ဦးအောင်မြင်ရန် အခြေခံသည် စာတတ်မြောက်မှုဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)