မိုင်းနောင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အမျိုသမီးရေးရာအဖွဲ့မှပေးပို့လာသော လန်ချန်-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗွီဒီယို (၂)ဖိုင်အား ပြသကာ အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးက စာသင်ကျောင်းများတွင် အသိပညာပေးရခြင်းအကြောင်းရင်းကို ရှင်းလင်းခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုများအကြောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အွန်လိုင်းမီဒီယာများကို အလွယ်တကူမယုံကြည်ကြရန်နှင့် အသိ၊ သတိရှိရှိဖြင့် ဂရုစိုက်အသုံးပြုစေရေးကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနှင့် ဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ကာ အသိပညာပေးလုပ်ငန်းများတွင် ပါဝင်ဆွေးနွေးခဲ့ကျောင်း သိရသည်။
မနန်း(မိုင်းနောင်)