ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို ကျိုင်းတုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဒီဂျစ်တယ်ခေတ်ကို လိုက်မီဖို့”အတွက် စာတတ်မြောက်ရေးမြှင့်တင်ရန်နှင့် ဒီဂျစ်တယ်နည်းပညာတွေ တိုးတက်လာသည့် ခေတ်နှင့်အညီ ရှင်သန်လိုက်ပါနိုင်ရန် စာတတ်မြောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြာရန် အမှာစကားပြောကြားသည်။

ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍအလိုက် ဆောင်ရွက်နေမှု (video clip)အားပြသပြီး ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်သွားကြစို့”သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)