ဘုတ်ပြင်း စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို စက်တင်ဘာ ၈ ရက်နေ့ နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ အမှတ်(၂) မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စုပေါင်း စိုက်ထူခဲ့သည်။
အဆိုပါမြေစိုက်ဘုတ်စိုက်ထူခြင်းကို ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့ ဆောင်ပုဒ်၊၂၀၂၅ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ် နှင့်ဆက်သွယ်တိုင်ကြားရမည့် ဖုန်းနံပါတ်ပါ မြေစိုက်ဘုတ်အား စုပေါင်းစိုက်ထူခဲ့ကြသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် ရောင်းကုန်ထဲမှာလူမပါ လူကိုလူချင်း ရောင်းစားမှုအားလုံးသတိပြုနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလာနေသူများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင့် ခရီးသွားလာနေသူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)