ရေဖြူမြို့၌ အခြေခံပညာအထက်တန်းကျောင်း၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲကျင်းပ

ရေဖြူ စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၈ ရက်နေ့၊ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ရေဖြူမြို့၊ အားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် Grade (6) အတန်းနှင့် Grade (11) အတန်းများမှ အသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ တံခွန်စိုက်ဒိုင်းဆုရရှိသည့်အသင်းများကို တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာပြုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ၊ မိဘများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)