ကရသူရိမြို့ ပြည်သူ့ဆေးရုံ၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

ကရသူရိ စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများ ပူးပေါင်း၍ ဆေးရုံးအတက်လမ်းအား ကွန်ကရစ်လမ်း ခင်းခြင်းကို စက်တင်ဘာ ၈  ရက်နေ့ နံနက် ၈ နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံသို့ လာရောက်ကုသလျက်ရှိသည့် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးစုပေါင်းလှူဒါန်းငွေဖြင့် ကွန်ကရစ်လမ်းအား ခင်းကျင်းခြင်းဖြစ်ပြီး ဒေသခံပြည်သူများက လုပ်အားဒါနဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ ကွန်ကရစ်လမ်း ခင်းကျင်းခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် တိုက်နယ်တာဝန်ခံ ဆရာဝန်ဒေါက်တာ ကျော်လင်းထွန်းတို့က ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)