မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးငယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး

မိုင်းခတ် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်သား/ရုပ်သံ ဒေါ်‌အေးစန္ဒာမြင့်က ပြိုင်ပွဲပြုလုပ်ရခြင်းအကြောင်း ရှင်းလင်း‌ပြောကြားပြီး က‌လေးများအား စာဖတ်ပြခြင်း၊ ကဗျာရွတ်ပြခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ရန် ဂိမ်းကစားခြင်းများကို အခြေခံပညာကျောင်းမှ‌ ကျောင်းသား၊ ကျောင်းသူများနှင့်‌ ပျော်ရွှင်စွာ ဂိမ်းကစားခဲ့‌ကြကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)